ဒီလို...ဒီလို
Friday, 3 August 2012
အရက်သမားတယောက်က
သူ့ခါးမှထိုးထားတဲကအရက်ပုလင်းကို
သိပ်ချစ်သလိုမျိုး
ငါမင်းကိုသိပ်ချစ်တယ်....
အကြွေးရှင်က အကြွေးဆပ်မယ့်သူ
လာမည့်နေ့ကိုတမ်းတသလိုမျိုး
ငါမင်းကိုတမ်းတတယ်...
ရင်ကြပ်ရောဂါသည်ကို
ရှူဆေးဘူးဖွတ်ထားပြီး
ကျီစားသလိုမျိုး ငါ့ကိုမကျီစားပါနဲ့.....
မနက်တိုင်းထမင်းကြော်စားတတ်တဲ့သူတွေ
ပဲပြုတ်သည်ကိုမျှော်သလိုမျိုး
ငါမင်းလာမယ့်အချိန်ကိုမျှော်တယ်...
ဂွင်ကောင်းကောင်းမိထားတဲ့
ရုံးလုပ်သား အဲဒီနေရာနဲ့ဝေးရမှာကြောက်သလို
ငါလည်းနင်နဲ့ဝေးရမှာကြောက်တယ်..
ရခိုင်တွေ ဘင်္ဂါလီကိုမုန်းသလိုမျိုး
မင်းငါ့ကိုမမုန်းပါနဲ့........
မင်းမုန်းတဲ့သူ
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့လက်ဆောင်ပါ...ဒီဘလော့လေးကိုလည်းသူပဲဖွင့်ပေးခဲ့တာပါ...
သူ့ကိုအားကျလို့ကဗျာလေးတွေရေးမယ်..တင်ချင်တာလေးလည်းတင်ရအောင်ဒီဘလော့လေးကိုဖွင့်ဖြစ်ခဲ့
ပါတယ်...
Posted by Frozen jelly at 17:31 1 comments
Labels: ကဗျာ
စိတ်လှုပ်ရှားစဖွယ်အိမ်ကြီးများ
Wednesday, 1 August 2012
အောက်မှာပြထားတဲ့ပုံတွေကတော့ အမေရိကန်နိုင်ငံ ရဲ့ တီဘူရွန် (tiburon) မြို့အနီးကကျွန်းတခုထဲမှာရှိတဲ့
၁၉၁၀ ခုနှစ်လောက်ကတည်းကတည်ဆောက်ခဲ့ကြတာဖြစ်ပြီးယခုအတိုင် ထားထားဆဲပါပဲ။ဘာမှမပြုပြင် မပြောင်းလဲပဲ အရှိအတိုင်းထားထားတာဖြစ်ပါတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်လေ့လာရေးခရီးသွားရင်းနဲ့ရိုက်လာတဲ့ဓါတ်ပုံတွေကို မေးလ်ပို့ပေးလို့
တင်ပေးလိုက်တာပါ....
သူငယ်ချင်းလေး...စာမေးပွဲဖြေနိုင်ပါစေ....
Posted by Frozen jelly at 22:12 2 comments
Labels: ထူးဆန်းထွေလာ
ဘ၀ဝေးဝေး
Tuesday, 31 July 2012
မိုးရေတွေထဲလျှောက်လျှောက်မသွားပါနဲ့
ကောင်မလေးရဲ့
တိမ်လို လေလို ဘ၀မျိုးနဲ့
မင်းနဲ့ဘ၀ခြားနေတဲ့ငါ
အရင်လို..
မင်းကိုထီးလိုက်မိုးပေးဖို့မဖြစ်နိုင်တော့ဘူး...
Posted by Frozen jelly at 21:16 4 comments
Labels: ကဗျာ
ရောက်လေရာမှာ တရေးအိပ်ပါ....
မျက်လုံးဖွင့်ပြီးအိပ်လို့မရရင်လည်း မျက်စိဖွင့်ပြီးအိပ်သည်။ အိပ်ခြင်းသည်လူတိုင်းအတွက်မရှိမဖြစ်လိုအပ် ပါသည်။ များများအိပ်နိုင်ကြပါစေ။ အခုတောင်ရေးရင်းနဲ့အိပ်ချင်လာသည်။ ခဏတော့အိပ်လိုက်ဦးမယ်နော်
..... ခလော......ခလော.....။
Posted by Frozen jelly at 20:27 2 comments
Labels: အထွေထွေ
ဘယ်လိုကောင်မလေးလဲ...
http://www.youtube.com/
Posted by Frozen jelly at 19:14 0 comments
Labels: ထူးဆန်းထွေလာ